Myanmar Movie Trailer (ပှောငြးလဲခှငြးအခါသမယ) Hear the Voice of God and Be Raptured to the Kingdom of Heaven
စူမင်ကူးဟာ တရုတ်ပြည်မကြီးမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုရဲ့ တရားဟောဆရာမတစ်ယောက် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူဟာ သခင့်အပေါ် ရိုသေကိုင်းရှိုင်းခဲ့သူဖြစ်ပြီး၊ တရားဟောပြောမှုအလုပ်တွေနဲ့ ဘုရားကျောင်းရဲ့လုပ်ငန်းတာဝန်တွေကို မပြတ်တန်း လုပ်ဆောင်နေသူပါပဲ။ သူက သမ္မာကျမ်းမှာပါတဲ့ ရှင်ပေါလုရဲ့မိန့်ဆိုချက်ကိုလည်း လိုက်နာကျင့်သုံးတယ်။ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရဖို့ဆိုရင် သခင့်အပေါ် ယုံကြည်လိုက်ရုံနဲ့ လုံလောက်တယ်လို့ ယူဆတာမျိုးပေါ့။ လူတွေဟာ အပြစ်တွေကို မရပ်မနားကျူးလွန်နေကြပေမယ့်၊ သခင် ပြန်ပြီးကြွရောက်လာတဲ့အခါ၊ သူတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ခြင်းခံရလိမ့်မယ်ဆိုတာမျိုး။ လူတွေရဲ့ပုံရိပ်တွေဟာလည်း သန့်ရှင်းခြင်းအဖြစ် ရုတ်ချည်းပြောင်းလဲပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခြင်း ခံရမယ်ဆိုတာမျိုးပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ဘုရားကျောင်းဟာ နောက်ပိုင်းနှစ်တွေအတွင်းမှာ ပို ပိုပြီးတော့ ခြောက်ကပ်လာခဲ့တယ်။ ယုံကြည်သူတွေကလည်း အကြမ်းဖျင်းပြောရရင် မကောင်းမြင်တတ်လာပြီး၊ ယုံကြည်မှုမှာ အားနည်းလာကြတယ်။ သူတို့ရဲ့ယုံကြည်စိတ်နဲ့ ချစ်ခြင်းတွေကလည်း အေးတိအေးစက်ဖြစ်လာကြတယ်။ ဘုရားကျောင်းမှာ အတူလုပ်ကိုင်နေသူအချို့ကလည်း သခင့်ရဲ့မိန့်ကြားချက်တစ်ခုကို လက်ခံလာကြပြန်တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်” ဆိုတဲ့ မိန့်ကြားချက်ပါပဲ။ “သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ လူသားရဲ့ပုံရိပ်ကို ရုတ်ချည်းပြောင်းလဲစေမယ့်အပြင်၊ ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရမယ်” ဆိုတဲ့အယူအဆကိုလည်း သူတို့က မေးခွန်းထုတ်လာကြတယ်။ အပြစ်တွေကို အမြဲတမ်းလုပ်နေကြတာကြောင့်၊ လူတွေဟာ သန့်ရှင်းခြင်းမရှိတဲ့အပြင် ဘုရားသခင်ရဲ့အလိုတော်ကိုလည်း မနာခံရာရောက်တာကြောင့်၊ သူတို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်ပါ့မလားလို့ ခံစားလာမိကြတယ်။ ဒီလိုနဲ့ ဆွေးနွေးငြင်းခုံတာတွေ တော်တော်လေးလုပ်ပြီးချိန်မှာ ကွဲလွဲနေတာတချို့ကို စူမင်ကူးတစ်ယောက် ခံစားမိပါတယ်။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်ကို ချက်ချင်းပြောင်းလဲစေမယ်ဆိုတာနဲ့ပတ်သက်ပြီး သခင့်မိန့်ကြားချက်နဲ့ ရှင်ပေါလုရဲ့စိတ်ကူးကြားမှာ ကွဲလွဲနေတာဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်မိန့်ဆိုချက်က အမှန်ဖြစ်မလဲ။ စူမင်ကူးရဲ့ရင်ထဲမှာ ဘာကိုဆုံးဖြတ်ရမှန်းမသိဘဲ ခေါင်းရှုပ်လာတယ်။ ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အစီအမံကို ထင်ဟပ်ပြနေမယ့် ဘုရားကျောင်းတစ်ခုကို ရှာဖို့ သူ စဉ်းစားတယ်။ သခင့်ရဲ့ပစ်ပယ်ခြင်းကိုလည်း မခံရအောင်ပေါ့။ ဒီလိုနဲ့ စူမင်ကူးဟာ အရှေ့ဆီမှလျှပ်စီးအသင်းတော်ကို လေ့လာကြည့်ဖို့ ဆုံးဖြတ်မိပါတယ်။ နောက်ဆုံးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က တရားဟောဆရာတွေနဲ့ ဆွေးနွေးမိတဲ့အခါမှာ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသောလမ်းဟာ ဘာလဲဆိုတာကို စူမင်ကူးတို့တတွေ နားလည်လာကြပါတော့တယ်။
Today's Devotional
A Prayer to Have Hope When Life Is Not Fair
I don’t know about you, but watching the people I love struggle breaks my heart.
Top Music Videos
Christian News
The latest news and hot topics trending among Christian music, entertainment and faith life.